[ ဗုဒ္ဓဝင်ဘုရားရှိခိုး ]
စစ်ကိုင်းတောင်ရိုး မဟာဝိဇ္ဇောဒယ ဆရာတော်ဘုရား၏
ဗုဒ္ဓဝင်ဘုရားရှိခိုး။
[ ဆုပန် ]
အနန္တဂုဏသမ္ပန္နော = အရဟံအစ အနန္တအသင်္ချေ တွက်
ရေမရ များလှသောင်းပြောင်း ဂုဏ်တော်အပေါင်းတို့နှင့်
ပြည့်စုံတော်မူသော။ ဂေါတမော = ဂေါတမနွယ်ဖွား ငါတို့
မြတ်စွာဘုရားသည်။ ဒီပင်္ကရပါဒမူလေ = သာရမဏ္ဍ ကမ္ဘာ
မ၌ ပွင့်ကြထင်ရှား ရာလေးပါးတွင် တစ်ပါးဝင်သည့် ဒီပင်္က
ရာ မြတ်စွာသနင်း ခြေတော်ရင်း၌။ နိယတမာလံ = ရသေ့
သုမေဓာ ဖြစ်စဉ်ခါက သဒ္ဓါပိုမို လွန်ကြည်ညို၍ ကိုယ်ကိုဝပ်
စင်း တံတားခင်းသဖြင့် ရှင်ရင်းမြတ်စွာ ဒီပင်္ကရာက ကမ္ဘာ
ဘဒ္ဒ နောင်ကာလ၌ ဗုဒ္ဓတစ်ဆူ ဖြစ်လိမ့်ဟူ၍ ခွန်းကျူချိုမြ
နှုတ်တော်ဟသည့် နိယတခေါ် ဘွဲ့တံဆိပ်အောင်ပန်းတော်
ကို။ ပိလန္ဓိတွာန = ယသော်လောင်းလျာ သုမိတ္တာနှင့် မကွာ
အတူ ပတ္ထနာမူလျှက် ကြည်ဖြူနှစ်သက် ဦးထိပ်ရွက်ပန်ဆင်
တော်မူပြီး၍။
[ ပါရမီဖြည့် ]
ကပ္ပသတသဟဿာဓိကာနိ = ကမ္ဘာတွက်ကိန်း တစ်သိန်း
အလွန်ရှိကုန်သော။ စတ္တာရိ အသင်္ချေယျာနိ = လေးအသ
င်္ချေတို့ကာလပတ်လုံး။ သမတ္တိံသပါရမိယော = ဒါနစသား
များလှပေါယယ် သုံးဆယ်အညီ ပါရမီတော်တို့ကို။ ပူရယိ
တွာန = အယုတ်အလတ်အမြတ်အားဖြင့် ဘုရားဖြစ်ရန်
ရည်သန်ကြိုးကုတ် အားထုတ်ဖြည့်ကျင့်တော်မူပြီး၍။
[ သန္ဓေယူ ]
အန္တိမဘဝေ = ဒီပင်္ကရာ မြတ်စွာကျူးနှိပ် ဗျာဒိတ်တော်
လာ ကမ္ဘာဘဒ္ဒ အဆုံးစွန်သောဘဝ၌။ ဒေဝိယာ = ကပ္ပိလ
ပြည့်ရှင် ဘုရင်သုဒ္ဓေါဒန နန်းမတောင်ညာ ခြောက်ပြစ်ကွာ
သည့် မာယာဒေဝီ မဟေသီထွတ်ထား သောင်းရှေ့ဖျား၏။
ကုစ္ဆိမှိ = သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌။ ဝသိတွာန =
ဘိုးတော်သကျ အဉ္ဇနမင်း ဖြိုကြွင်းတွက်စစ် သက္ကရာဇ်လွန်
ခြောက်ဆဲ့ခွန်ဝယ် တိမ်စွန်ညိုညို မိုးလုံးငိုသည့် ဝါဆိုလပြည့်
ကြွက်မင်းနေ့၌ ချမ်းမြေ့သန္ဓေ စွဲနေစံပျော် ကိန်းအောင်း
တော်မူပြီး၍။
[ ဖွားမြင် ]
လုမ္ဗိနီဝနေ = သာကီဝင်တို့ ရွှင်ပျော်ပျို့သည့် နှစ်မြို့တော်
လုံး ပိတုန်းကျေးငှက် ဝဲကာယှက်၍ ပျံတက်ရင့်ကျူး လွန်
ပျော်မြူးသား မြင့်ထူးညီညီ ပွင့်ဖူးစီသည့် လုမ္ဗိနီသာမော
အင်ကြင်းတော၌။ ဝိဇာယိတွာန = ခြောက်ဆဲ့ရှစ်ခု ရတုသာ
ယာ ဝိသာခါနှင့် တံငါတိမ်ဘုံ စန်းတွေ့ကြုံသား ကဆုန်လ
ပြည့် သောကြော်နေ့၌ ချမ်းမြေ့ကြည်သာ နတ်ဗြဟ္မာနှင့်
ဗိုလ်ပါအပေါင်း ရံခညောင်း၍ တစ်သောင်းလောကဓာတ်
ပဲ့တင်ထပ်လျှက် နှံ့စပ်ကျော်ကျူး သူ့ထက်ထူးအောင်
မီးရှူးသန့်စင် ဖွားမြင်တော်မူပြီး၍။
[ ထီးနန်းစံ ]
သောဠသဝဿကာလေ = တစ်ဆဲ့ခြောက်နှစ် သက္ကရာဇ်
ကို တွက်စစ်ပြီးမြောက် ရွယ်တော်ရောက်သောအခါ၌။
ရာဇသိရိံ= တစ်သိန်းခြောက်သောင်း ဆွေတော်ပေါင်းနှင့်
မောင်းမမိဿံ လေးသောင်းရံလျှက် ရမ္မ သုဘ သုရမ္မဟု
ထွန်းပြပြိုးပြောင် နန်းသုံးဆောင်ဝယ် ရွှေရောင်နှိုင်းဆ နတ်
တမျှသို့ ဘဒ္ဒကဉ္ဇနာ ဗိမ္ဗာရွှေလှော် မင်းယသော်နှင့် နှစ်ဖော်
သက်ဝေ မြနှင့်ရွှေသို့ ဂဟေတော်စပ် ရွှေလက်ထပ်၍ နန်းရပ်
ထီးဖြူ သိကြားတူလျှင် စိုးယူပိုင်နင်း ပွဲစုံခင်းလျှက် မင်းမင်း
တို့ထီး ဘုန်းမီးနေလ မရပြိုင်သော် မင်း၏အသရေတော်ကို။
အနုဘဝိတွာန = ဆဲ့သုံးနှစ်မျှ အားရရွှင်ပျော် စံစားတော်မူ
ပြီး၍။
[ တောထွက် ]
ဧကူနတိံသဝေဿ = တောထွက်ဖို့ရန် ချိန်တန်သင့်မြတ်
ကရကဋ်ရာသီ ပါရမီဆော်နှိုး အရွယ်တော် နှစ်ဆဲ့ကိုးသို့။
ပတ္တေ = တရွေ့ရွေ့ကြီးမြောက် ရောက်တော်မူလတ်သည်
ရှိသော်။ စတုရောနိမိတ္တေ = သူအို သူနာ သူသေတစ်ခန်း
ရဟန်းတစ်ခြား လေးပါးသောနိမိတ်ကြီးတို့ကို။ ဒိသွာ =
ဥယျာဉ်ကစားရန် ထွက်စံတော်မူစဉ် တွေ့မြင်တော်မူသည်
ရှိသော်။ နိဗ္ဗိန္ဒိတွာန = ထီးတော်နန်းတော် ကြငှန်းတော်၌
မပျော်မမွေ့ ငြီးငွေ့တော်မူလှသည်ဖြစ်၍။ နိက္ခမန္တော = ကိုး
ဆဲ့ခုနစ်ခု ရတုရွှန်းစို ဝါဆိုပုဏ္ဏမ ဗျ ဂ္ဃဒိနာ ဆွေကြင်ရာမှ
သည်းချာမျက်ရှု ရာဟုဘုန်းဟေ့ ဖွားသည့်နေ့တွင် မမွေ့နိုင်
အောင် သံဝေဆောင်၍ သန်းခေါင်ကာလ တိုးတိုးမျှနှင့် ဆန္ဒ
မတ်ကျော် အပါခေါ်၍ စီးတော်ယာဉ်လှ ကဏ္ဍကနှင့် နန်းမှ
ခွါရှောင် နော်မာသောင်သို့ ရောက်အောင်မပျက် ထွက်ကြီး
ထွက်တော်မူလျက်။ ပဗ္ဗဇိတွာန = ဘဒ္ဒကဉ္ဇန အလှမျက်
ဖျော် ယသော်ကြင်ဆွေ နန်းလုံးမေသည် ရစ်ခွေသုံးသပ်
ထုံးဖွဲ့အပ်သည့် သျှောင်မြတ်ရတနာ ဆံကေသာကို တွယ်
တာမထား ပယ်ကာရှားလျက် ထက်ဖျားဗြဟ္မာ လှူကပ်
လာသည့် ရောင်ဝါတင့်ဆန်း ကြာသင်္ကန်းဖြင့် ထီးနန်းမူရာ
စွန့်ပစ်ကာလျှင် ကြည်သာရွှင်လမ်း တောမြိုင်တန်း၌ ရဟန်း
ပြုတော်မူပြီး၍။
[ ဒုက္ကရစရိယာကျင့် ]
ဆဗ္ဗဿာနိ = ဥရုဝေလ နာမတင့်ဆန်း နန်းနှင့်မနီး ထီး
နှင့်ဝေးကွာ တော်မြိုင်သာဝယ် သင်္ချာတွက်စစ် ခြောက်နှစ်
တို့ကာလပတ်လုံး။ ဒုက္ကရစရိယာနိ = ခန္ဓာညှိုးခွေ ကြွေလု
ခမန်း အားကုန်ခန်းအောင် ပင်ပန်းဆင်းရဲ ပြုနိုင်ခဲသည့် လွန်
ကဲသော အကျင့်တော်မြတ်တို့ကို။ စရိတွာန = သွေးသား
ခန်းခြောက် မကြောက်မရွံ့ နောက်မတွန့်ဘဲ သက်စွန့်ကြိုး
ပန်း ဖြည့်စွမ်းကျင့်ကြံတော်မူပြီး၍။
[ ဘုရားဖြစ် ]
ဗောဓိမဏ္ဍေ = အဝိဇဟိတ ဌာနသာစည် ရှေးတည်နှောင်း
ပျက် အချက်အချာ မင်္ဂလာဘူမိ တုမရှိသည့် ဗောဓိမဏ္ဍိုင်
မြေဦးကိုင်၌။ ပဉ္စမာရေ = ဒေဝပုတ္တ စသည်အပြား မာရ်ငါး
ပါးတို့ကို။ ဇိတွာန = ပါရမီတော်မြတ် အရဟတ္တမဂ် ဓားသန်
လျက်ဖြင့် ပယ်ဖြတ်ခုတ်ထွင် သုတ်သင်ရှင်းလင်း အောင်ပွဲ
ခင်းလျှက် အောင်သတင်းကြူကြူ အောင်လံတော်လွှင့်ထူ
ပြီး၍။ ဗုဒ္ဓဘာဝံ = လေးပါးသစ္စာ ပုဒိအာကို ဆရာမကူ သ
ယမ္ဘူဖြင့် နုမြူမကျန် မဖောက်ပြန်ဘဲ ဝေဖန်ပိုင်းခြား သိမြင်
ငြားသည့် သုံးပါးလောက မကုဋထွတ်ဖူး အောင်ပွဲမှူးတစ်
ဆူ နတ်လူတို့မျက်ရစ် ဘုရားရှင်အဖြစ်သို့။ သမ္ပတ္တော = ရာ့
သုံးခုကြုံ ကဆုန်လပြည့် ဆင်မင်းနေ့ဝယ် ကြွေ့ကြွေ့လှိုက်
ဆူ ရောက်ကြီးရောက်တော်မူလေပြီ။
တံ ဗုဒ္ဓံ = ဘုရားအဖြစ်သို့ စင်စစ်ပြီးမြောက် ရောက်တော်
မူသော ထိုမြတ်စွာဘုရားကို။ အဟံ = တပည့်တော်သည်။
ဝန္ဒာမိ = ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏
အရှင်ဘုရား။
ဆရာသောင်းလွင် ( B A )
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ = စာအုပ်မှ ကူးယူသည်
========================